ဝါးမျှစ်ပျိုငယ်မာန်တွေထည်
ကမ္ဘာမြေကိုဖေါက်ကာရယ်
ချွန်ထက်အဖျားမာနလွှား
ကောင်းကင်ဖေါက်ရန်ကြံစည်ထား
ကမ္ဘာမြေရဲ့လျှို့ ဝှက်ချက်
ကောင်းကင်ဆီကိုပြောသတဲ့
သစ္စာမဲ့တဲ့ဝါးမျှစ်ငယ်
မြေကြီးပျက်ရန်သူကြံရွယ်
ကိုယ့်ဘ၀ဘယ်ကနေစ
အသေအခြာမစဉ်းစားကြ
မြေကြီးကတော့ရီချင်တယ်
မထောင်လွှားနဲ့ အိုမျှစ်ငယ်
မင်းအမြှစ်မြေထဲကွယ်
စအဲအဲ(နှင်းခဲမြေ)Sep.5/2010
တိုင်းပြည်နဲ့လူမျိုးအပေါ်သစ္စာမဲ့သူများသို့ရည်ညွှန်းသည်။