ကြတဲ့ပလ္လ၀အက္ခရာနဲ့ရေးတဲ့အရေးအသားမျိုးဘဲဖြစ်တယ်။အထက်ကျော်ကာ
ရီကသထုံနဲ့မုတ္တာဟာသင်္ဘောဆိပ်မြို့ များဖြစ်ခဲ့ကြပါတယ် အဲဒီဒေသမှာမွန်နှင့်
ကရင်များဟာဒွေးရောယှက်တင်နေခဲ့ကြပါတယ် အိန္ဒိယကုန်သည်တွေဟာအေ-ဒီ
(၇)ရာစုနှစ်မတိုင်မှီကတည်းက သထုံမုတ္တမကိုအကူးအသန်းရှိနေကြပြီးအဲဒီအ
ချိန်လောက်တုန်းကဘဲ အိန္ဒိယကုန်သည်များယူဆောင်လာခဲ့ကြတဲ့ ပလ္လ၀အက္ခရာ
အရေးအသားကိုမွန်နဲ့ကရင်က မိမိတို့ရဲ့အသံထွက်အတိုင်း ပေါ်လွင်အောင် ရေး
သားနိုင်တဲ့ စာရေးနည်းကိုရရှိကြပါတယ်ဆိုရပါမယ် ပလ္လ၀အက္ခရာဆိုတာက
အိန္ဒိယပြည်ရဲ့ ရှေးအကျဆုံး ဗြဟ္မီအက္ခရာကို ဒေသအလိုက်မူကွဲတွေပွါးယူကြတဲ့
အခါမှာဂုတ္တမင်းဆက်ရောက်တော့ဂုတ္တအက္ခရာ ကဒမ္ဗမင်းဆက်ရောက်
တော့ ကဒမ္ဗအက္ခရာ ပလ္လ၀မင်းဆက်ရောက်တော့ပလ္လ၀အက္ခရာရယ်လို့မူလ
ဗြဟ္မီအက္ခရာကရေးပုံသားပုံပြောင်းပြောင်းပြီးဆင်းသက်လာတဲ့အက္ခရာပါပဲ။
ယ္ခုမြန်မာပြည်တွင်ရေးသားအသုံးပြုနေသောအက္ခရာရဲ့အရင်းအမြစ်ဟာ
ပလ္လ၀အက္ခရာပါပဲ။ဒီအက္ခရာဟာအိန္ဒိယကုန်သည်များကတစ်ဆင့်မြန်မာပြည်ထဲ
ဝင်ရောက်ခဲ့ပါတယ် အက္ခရာသမိုင်းနဲ့ပတ်သက်ပြီး အထောက်အထားတွေရှာကြည့်
တော့ ရခိုင်ဘက်မှာ ဂုတ္တအက္ခရာနဲ့ သက္ကဋဘာသာကျောက်စာတွေ၊ဟန်လင်း
ဘက်မှာဂုတ္တအက္ခရာနဲ့ပျူဘာသာကျောက်စာတွေကိုတွေ့ရလို့မြန်မာပြည်
ထဲကို ဂုတ္တအက္ခရာရောက်လာတာဟာလဲ ခရစ်နှစ်(၄၀၀)ထက်မစော (၆၀၀)
ထက်နောက်မကျလို့သုတေသီများကယူဆထားကြတယ်။ပြီးတော့
သရေခေတ္တရာပျူတွေက ကဒမ္ဗအက္ခရာကိုသုံးပြီးသထုံနဲ့မုတ္တမဘက်ကမွန်များ
ကျတော့ ပလ္လ၀အက္ခရာနဲ့ခရစ်နှစ်အေ-ဒီ (၇)ရာစုနှစ်လောက်မှာ စတင်
ချိန်ကမွန်တို့နဲ့အတူရှိနေတဲ့ကရင်များကလဲအဲဒီခေတ်လောက်ကဘဲ ကရင်စာကို
ပလ္လ၀အက္ခရာနဲ့ကရင်အသံထွက်အတိုင်းပွါးပြီးသုံးတယ်လို့ဆုံးဖြတ်ရပါမယ်။
မြန်မာပြည်ရှိကျောက်စာမှတ်တမ်းများကိုကြည့်ရင်-
(၁)- အနိရုဒ္ဓ(အနော်ရထာ)ခရစ်နှစ်(1047-1077)မှာဘုရင့်မှတ်တမ်းကိုသက္ကဋ
ပါဠိနဲ့ရေးမှတ်တယ်။
ပါဠိနဲ့ရေးမှတ်တယ်။
(၂)- ကျန်စစ်သား(ထီးလှိုင်ရှင်)ဟာခရစ်သက္ကရာဇ်(1044-1113) မှာမွန်ဘာ
သာနဲ့မှတ်တမ်းတင်ပါတယ်
(၃) - အလောင်းစည်သူ(၁)ဟာခရစ်နှစ်(1113-63)မှာပါဠိနဲ့မှတ်တမ်းတင်ပါတယ်။
(၄) - ရာဇကုမာရ်(အမတ်ကြီး)ကျန်စစ်သားမင်း၏သားဟာခရစ်နှစ်(1113) မှာ
ပါဠိ၊မွန်၊ပျူ၊ မြန်မာ(၄) မျိုးပါတဲ့မြစေတီကျောက်စာကိုရေးထိုးပါတယ်။
(၅)- နရပတိစည်သူဟာခရဇ်သက္ကရာဇ်(1174-1219)မှာမြန်မာဘာသာနဲ့ မှတ်တမ်း
တင်ပါတယ်။
အဲဒီအထောက်အထားအရ ပလ္လ၀အက္ခရာကိုမွန်နဲ့တစ်ပြိုင်တည်းဒါမှမဟုတ်
မရှေးမနှောင်းအသုံးပြုခဲ့တဲ့ကရင်စာပေဟာခရစ်နှစ်အေဒီ(၇)ရာစုလောက်မှာပဲ
စာပေအရေးအသားအတတ်ပညာကိုတတ်ပြီးလို့ခန့်မှန်းရပါတယ်။
စာပေအရေးအသားအတတ်ပညာကိုတတ်ပြီးလို့ခန့်မှန်းရပါတယ်။
ဒီခန့်မှန်းချက်အတိုင်းဆိုရင်ရှေးဟောင်းကရင်စာပေဟာနှစ်ပေါင်းတစ်ထောင်ပင်
ကျော်ပြီးလို့ဆိုသင့်ပါတယ်။
မွန်စာနှင့်ကရင်စာဟာနွယ်နေပါတယ်ရှမ်းစာဟောင်းနဲ့ပအိုးစာဟာလဲမြန်မာစာ
၊ကရင်စာ။မွန်စာနဲ့ကွင်းဆက်ဖြစ်ပါတယ်။ မူလဗြဟ္မီအက္ခရာရဲ့သြဇာဟာ
၊ကရင်စာ။မွန်စာနဲ့ကွင်းဆက်ဖြစ်ပါတယ်။ မူလဗြဟ္မီအက္ခရာရဲ့သြဇာဟာ
သီဟိုဋ္ဋ်။မြန်မာ။ယိုးဒယား(ထိုင်း)၊ လော၊ ကမ္ဗောဒီးယားအထိပြန့်နှံ့သွားပါတယ်
မွန်တွေဟာပလ္လ၀အက္ခရာအသုံးပြုပြီး ကောင်းကောင်းကြီးစာပေရေးသားတဲ့အ
တတ်ပညာကိုတတ်ချိန်မှာအတူနေကြတဲ့ကရင်များလည်းမိမိတို့ဘာသာစကားအ
သံထွက်နဲ့ အဲဒီအက္ခရာကိုဘဲအသုံးပြုပြီးစာပေရေးသားနည်းအတတ်ပညာကို
တတ်မြောက်ပြီးဖြစ်ပေမယ်။
မွန်နဲ့ကရင်တို့ရဲ့စာပေပညာတတ်ကျွမ်းချိန်ဟာခရစ်နှစ်အေဒီ(၇)ရာစုလောက်မှာ
ဖြစ်ပြီး မြန်မာကတော့(၁၁)ရာစုလောက်ကျမှအဲဒီအက္ခရာနဲ့ပဲမြန်မာစာကို
ကောင်းကောင်းကြီးရေးဖတ်အသုံးပြုလာတာတွေ့ရပါတယ်။ကျွန်ုပ်တို့ယနေ့တွေ့ရ
ကောင်းကောင်းကြီးရေးဖတ်အသုံးပြုလာတာတွေ့ရပါတယ်။ကျွန်ုပ်တို့ယနေ့တွေ့ရ
သလောက်ဆိုရင်ရှေးကရေးသားခဲ့တဲ့ကရင်စာတွေအားလုံးဟာကဗျာလင်္ကာတွေနဲ့
ချည်းရေးတာကိုတွေ့ရပါတယ်စကားပြေနဲ့ရေးသားထားတဲ့ကျမ်းရယ်ပေရယ်လို့တစ်
စောင်တစ်ဖွဲ့မှမတွေ့ရသေးပါ။ရှေးကျတဲ့ကရင်စာပေအရေးအသားကိုကြည့်တဲ့အခါ
မွန်ဝေါဟာရတွေအတော်များများသုံးနှုန်းထားတာတွေ တွေ့ရပါတယ်။နောက်ပိုင်း
ပေစာတွေကျတော့ကြိုးကြားကြိုးကြားဆိုသလိုမြန်မာဝေါဟာရတွေထည့်သွင်းအသုံး
စောင်တစ်ဖွဲ့မှမတွေ့ရသေးပါ။ရှေးကျတဲ့ကရင်စာပေအရေးအသားကိုကြည့်တဲ့အခါ
မွန်ဝေါဟာရတွေအတော်များများသုံးနှုန်းထားတာတွေ တွေ့ရပါတယ်။နောက်ပိုင်း
ပေစာတွေကျတော့ကြိုးကြားကြိုးကြားဆိုသလိုမြန်မာဝေါဟာရတွေထည့်သွင်းအသုံး
ပြုလာတာတွေတွေ့ရပါတယ်။သဘောကတော့ရှေးကမွန်ခေတ်မွန်စာတွေတွင်ကျယ်
တဲ့အချိန်မှာမွန်ဝေါဟာရတွေကိုယူပြီးသုံးသလောက်သုံးကျတယ်။မြန်မာစာဂုဏ်မြင့်
တဲ့အချိန်မှာမွန်ဝေါဟာရတွေကိုယူပြီးသုံးသလောက်သုံးကျတယ်။မြန်မာစာဂုဏ်မြင့်
လာတဲ့အချိန်မှာမြန်မာစာဝေါဟာရတွေကိုသုံးလာတယ်ဆိုတဲ့သဘောမျိုးဘဲပါဠိဝေါ
ဟာရတွေပါဠိပျက်တွေသက္ကဋဝေါဟာရတွေကိုလည်းသူ့နေရာနဲ့သူအသုံးပြုထား
ဟာရတွေပါဠိပျက်တွေသက္ကဋဝေါဟာရတွေကိုလည်းသူ့နေရာနဲ့သူအသုံးပြုထား
ပါတယ်။
ကရင်စာပေမှာဗျည်း(၃၆)လုံးနဲ့သရ(၁၄)လုံးရှိပါတယ်ဗျည်းကတော့က-ခ-ဂ-ဃ-င အစရှိတဲ့အခုသုံးစွဲနေကြတဲ့မြန်မာဗျည်း(၃၃)လုံးအ
ပြင်(๏။ ဟှ။ ဃှ)ဆိုတဲ့ဗျည်းသုံးလုံးပိုပါတယ်။သရကတော့လက်ရှိမြန်
မာသင်ပုန်းကြီးသရထက်(၂)လုံးပိုပါတယ်။
ဗျည်းနဲ့သရကိုကြည့်ပြန်တော့ ကရင်စာပေကိုရေးတဲ့အခါ မူလကရင်
တို့ရဲ့အသံထွက်ကို တိကျမှန်ကန်စေဖို့ ဗျည်း(၃)လုံးနဲ့သရ(၂)လုံးကို
ထူးထူးခြားခြားထည့်သွင်းထားရတာဖြစ်တယ်ဆိုတာတွေ့ရပါတယ်။
ဗျည်း(၃၆)လုံးနဲ့သရ(၁၄)လုံးအထိ ယူငင်သုံးထားတာကို လိုအပ်
တာထက်ပိုယူထာူတယ်လို့ မထင်သင့်ပါဘူး။
ရှေးကရေးထားခဲ့ကြတဲ့ ပေစာတွေမှာ အဲဒီ(၃၆)လုံးဗျည်းကိုပဲ သူ့နေရာ
နဲ့သူ၊သူ့ဌာန်သူ့ကရိုဏ်းနဲ့သူအံကိုက်အောင်သုံးနိုင်ပြီးလိုအပ်တဲ့အဓိပ္ပါယ်
မျိုးကို သက်ရာက်နိုင်တဲ့ စကားလုံးပေါ်ထွက်လာနိုင်လို့ဖြစ်ပါတယ်။
တစ်ချို့ ပေစာတွေထဲက အက္ခရာနဲ့ရေးသားဟန်တွေ၊သုံးနှုန်းတဲ့ဝေါ်ဟာ
ရတွေ၊ရေးသားတဲ့အကြောင်းအရာတွေကို မွန်ပေစာ၊မြန်မာပေစာတွေနဲ့
ယှဉ်ကြည့်တဲ့အခါ ရှေးက ကရင်စာပေရဲ့ အရေးအသားဟာ မွန်ပေ၊ဗမာ
ပေနည်းတူ တစ်ခေတ်နဲ့တစ်ခေတ် ရေးသားပုံမတူကြဘူးဆိုတာကိုလည်း
တွေ့ရပါတယ်။
အခုရှေးပေရေးကရင်စာပေနဲ့ရေးသားထားတဲ့ပေတစ်ချို့ ကိုဖေါ်ပြသင့်
တယ်လို့ထင်ပါတယ်။
၁ -ကပ္ပဗိန္ဒကျမ်း -------ဖူ့ကျာ်နန္ဒမာလာ(ဖူ့တာမိက်) ၁၁၆၉
၂-ရာမလက္ခဏာဇါတ်---------------မာန်နဲာစိန္တာက၀ိ ၁၂၃၂
၃ -ပါရမီခန်း ----------------------မာန်နဲာစိန္တာက၀ိ ၁၂၃၅
၎ -ကာဠုဒါယီလျှေက်ခန်း မာန်နဲာစိန္တာက၀ိ ၁၂၃၇
၅- မဒ္ဒီဆုတောင်းခန်း မာန်နဲာစိန္တာက၀ိ ၁၂၃၉
၆ သံသရာနှောင်ကြိုး တြီသံင်သာ့ မာန်နဲာစိန္တာက၀ိ ၁၂၄၀
၇ ဆဒ္ဒါန်ဆင်မင်းဝတ္ထု မာန်နဲာစိန္တာက၀ိ ၁၂၄၀
၈ သင်္ဂဟကျမ်း မာန်နဲာစိန္တာက၀ိ ၁၂၄၁
၉ မူ့လာမူ့လီ မာန်နဲာစိန္တာက၀ိ ၁၂၄၂
၁၀ တစ်ဖန်ပဋိသန္ဓေနေခြင်း သန္ဓိက်ုလေင့် မာန်နဲာစိန္တာက၀ိ ၁၂၄၃
၁၁ နေမိဇါတ် မာန်နဲာစိန္တာက၀ိ ၁၂၄၄
၁၂ ရာဟုလာအမွေတောင်းခန်း မာန်နဲာစိန္တာက၀ိ ၁၂၄၅
၁၃ ၀ဏ္ဏကုမ္မာ မာန်နဲာစိန္တာက၀ိ ၁၂၄၆
၁၄စန္ဒကုမ္မာ မာန်နဲာစိန္တာက၀ိ ၁၂၅၀
၁၅ တေမိဇါတ် မာန်နဲာစိန္တာက၀ိ ၁၂၆၉
၁၆ ယသော်ဓရာကန်တော့ခန်း ၁၆မာန်နဲာစိန္တာက၀ိ သက္ကရာဇ်မသိ
၁၇ ၀ိဓူရဇါတ် မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၁၈ နာရဒဇါတ် မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၁၉ ဝေဿန္တရာဇါတ် မာန်နဲာစန္ဒာဝရ ၁၂၆၄
၂၀ ဘူရိဒဇါတ် မာန်နဲာစန္ဒာဝရ ၁၂၆၄
၂၁ မဟောသဓါ မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၂၂ သုဝဏ္ဏလျှံ မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၂၃ ဒုံဆီ့ဃှူ မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၂၄ မိုက်ဒုံကေထော့ပုံပြင် မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၂၅ မဌကုဏ္ဍလီ မာန်နဲာသီဟတေဇ သက္ကရာဇ်မသိ
၂၆ ယတြာကိန်း ရေးသူမသိ သက္ကရာဇ်မသိ
၂၇ သုဓနု ရေးသူမသိ သက္ကရာဇ်မသိ
၂၈ ပဒကုသလ ရေးသူမသိ သက္ကရာဇ်မသိ
၂၉ ထော်ခဲပုံပြင် မာန်နဲာသီဟတေဇ ၁၂၇၇
၃၀ ဆာရ၀န်ပုံပြင် မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၃၁ ၀ိသာခါ မာန်နဲာဇာဂရ သက္ကရာဇ်မသိ
၃၂ ကထိန်အမေးအဖြေ မာန်နဲာသုခ သက္ကရာဇ်မသိ
၃၃ သာသနာ့ရောင်ခြည် မာန်နဲာသုခ သက္ကရာဇ်မသိ
၃၄ နန္ဒကုမ္မာ မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၃၅ အရိယာတရား ရေးသူမသိ သက္ကရာဇ်မသိ
၃၆ မြလာဝုံးသာဝုံးသူရိယာ မာန်နဲာစန္ဒာဝရ သက္ကရာဇ်မသိ
၃၇ နန်းသောက်ပီး နာန်.သုဂ်ပီ. ရေးသူမသိ သက္ကရာဇ်မသိ
၃၈ သိဒ္ဓတ္ထ(မူရင်း) ရေးသူမသိ ၁၂၁၃
၃၉ သိဒ္ဓတ္ထ(မူသစ်) မာန်နဲာသီဟတေဇ သက္ကရာဇ်မသိ
၄၀ ထေရီအပါဒါန် မာန်နဲာသီလစာရ သက္ကရာဇ်မသိ
၄၁ ဤတာလီဇါတ် မာန်ယောင့် သက္ကရာဇ်မသိ
၄၂ နန်းရွှေကျင်ပုံပြင် မလောက်ဆရာတော် သက္ကရာဇ်မသိ
ဤစာတမ်းအားကရင်စာဆိုဖူးနဲစဗို(ဖူ့နဲာဆ်ု๏ိုဒ်)အတ္ထုပ္ပတ္တိအမည်ဖြင့်
ပဌါန်းဆရာတော်ဦးဝဇီရဗုဒ္ဓိ က(၁၉၆၈)ခုနှစ်စာဆိုတော်နေ့တွင်မန္တလေးမြို့ ၊
ကျုံးထောင့်ဓမ္မာရုံ၌ဖတ်ကြားခဲ့သည်ကို အရှင်ပညာသာမိ(တောင်ကလေး)ကသမိုင်းပြုစုပြန်လည်ရေးသားခြင်းဖြစ်သည်။
ဆက်ရန်ရှိသေးသည်