ကိုးဒီသွေးဆိုတဲ့သခင်က
ကဗျာတစ်ပုဒ်ကိုစပ်လိုက်လေရဲ့။
ကျုပ်လဲ အားကျလို့
ကာရံမဲ့ဝါးတိုင်ငယ်လေးတွေနဲ့
ယိုင်နဲ့နဲ့ကဗျာအိမ်ပုတ်ကို
ဇနပုဒ်မှာဆောက်လိုက်မိတယ်။
မွဲာယုံတင်မကတဲ့ကျုပ်
ပညာပါသိမ်ကျုံ့ လေတော့
ကျုပ်ဆောက်တဲ့အိမ်ခေါ်စရာ
အိမ်မဖြစ် တဲစုပ်သာသာ။
မိတ်ဆွေတစ်ယောက်ကဆိုခဲ့
ခင်ဗျားအိမ်ကမြို့ ပြင်မှာတဲ့
အားငယ်မှာဘဲထင်မိတယ်
သနားလို့ဒို့လာလည်တာတဲ့။
ကိုးတိုင်း ကိုးဒီမြေရှင်လေး
အိမ်ယာပေးတဲ့ ကိုးဒီသွေး
မြို့ ရောက်တဲ့ကျုပ် မာန်မထည်
ကရင့်သွေးဇါတိမပြယ်
တောက မြို့ ကမိတ်ဆွေရယ်
နှလုံးလှလှစောင့်ကြိုမယ်
လာလှည့်ပါလို့ဘိတ်ခေါ်တယ်
တာလပေါ့ဟင်းချက်ကြွေးမယ်။
စအဲအဲ(နှင်းခဲမြေ)9/16/2010
ဒီကဗျာကို ကျနော့်ရင်ဘတ်ထဲကအပိုင်းအစတွေနဲ့ဆက်ထားတာနော်
အကောင်းဆုံးသင့်အတွက်မဟုတ်ပေမယ့် ကျနော့်ရင်ဘတ်ထဲကို
တော့မြင်အောင်ကြည့်စေချင်တယ်