ကျနော်နဲ့သူခိုးလက်သစ်ငါးဖျံမြွေ
ဒီလိုခေါင်းစဉ်လေးဖတ်လိုက်ရတော့စာဖတ်သူတို့အတွေးတွေဘယ်ကိုတွေးနေ
မိပါသလဲဘာကိုမှရှည်ရှည်ဝေးဝေးတွေတွေးမနေပါနဲ့သူခိုးလက်သစ်ငါးဖျံမြွေဖြစ်နေ
မှတော့အရင်ကသူခိုးလက်ဟောင်းကြီးငတက်ပြား
မဖြစ်လို့ပဲပေါ့ ဒါပေမယ့်ဇါတ်လမ်းကခပ်ဆင်ဆင်မို့
တင်စားခေါ်ပေးလိုက်တာနော်
ခုတစ်လောကရင်အွန်လှိုင်းကျေးရွာအများအပြားမှာသူခိုးလက်
သစ် ငါးဖျံမြွေ သောင်းကျန်းနေတာကြားကြတယ်မဟုတ်လား
အဲဒီသူခိုးလဲကြာလေအတင့်ရဲလာလေဆိုတော့ကရင်အမျိုးသား
တွေအတွက် ရင်ရတက်မအေးဖြစ်နေရတယ်လေ။ ဘယ်နေ့ဘယ်ရက်မှာ ကိုယ့်ရွာရောက်လာပြီးဒုက္ခတွေပေးဦးမလဲနဲ့ပေါ့ ဒါနဲ့ကျနော်လဲအတင့်ရဲလှတဲ့တစ်ကိုယ်တော်သူခိုးလက်သစ်
ငါးဖျံမြွေကိုစုံစမ်းဖေါ်ထုတ်နိုင်ဘို့အရေး လိုအပ်တဲ့သဲလွန်စတွေကိုရှာဖွေစု
ဆောင်းပါတယ်အမြဲတမ်းသူသွားလာလှုပ်ရှားတတ်တဲ့ သောသီခို
ရွာ ကိုးဒီသွေးရွာ တို့မှာအရင်ခြေရာခံကြည့်တယ်။ ညဦးပိုင်းမှာ ဘာမှထူးခြားမှုတစ်စုံတစ်ရာမရှိသေးတော့ကျနော်လဲအိမ်ပြန်လာ
ပြီး အရင်ရထားတဲ့သဲလွန်စတွေကိုပြန်စီစစ်နေတယ် သူငယ်ချင်းတွေနဲ့လည်း
ချိန်းထားတာရှိတော့အိမ်ကိုလည်းအကြာကြီးခွါထားလို့မဖြစ်ပြန်သူရောက်လာ
လို့ကိုယ့်ကိုမတွေ့ရင်စိတ်ကေါက်နေတတ်တာသူ့အကျင့်လေ..စိတ်ကောက်
ပြီးဆိုရင်မုန့်ဝယ်ကြွေးပြီးချော့ရတာ ဒါလေးများအဆန်းလုပ်လို့
ဒေါ်လာတစ်ဆယ်စနှစ်ဆယ်စအကုန်ခံပြီးဝယ်ကြွေးလိုက်ပြီးရောပေါ့ လို့
စာဖတ်သူတို့ပြောမှာပေါ့နော် မပြီးသေးဘူးစာဖတ်သူတို့ရေ... သူစားတဲ့မုန့်ကိုလဲကြည့်ပါဦးမုန့်ဖက်ထုပ်၊ကရင်ရိုးရာကဒတ်မုန့်တဲ့ စာဖတ်သူတို့ဘဲ
စဉ်းစားကြည့်ပေါ့ ဒီလိုမုန့်မျိုးဆိုတာကအမေရိက
မှာမလွယ်ဘူးလေဒီလောက်တောင်ကြီးကြီးကျယ်သူငယ်ချင်းမျိုးကိုအလိုလိုက်ရ
လွန်းတယ်လို့ စာဖတ်သူတို့မြင်မှာပေါ့နော် ဒါတင်မကသေးဘူးသိလား
ပြောရမှာတောင်ခပ်ရှက်ရှက်ဘဲအဲဒီ’ကဒတ်မုန့်(ကောဟ်ထေံ๏ိုင်)
မုန့်မျိုး သူစားနေချိန်မှာအဲဒီ”ကဒတ်မုန့်”အကြောင်းကိုကိုယ်တိုင်
သီချင်းရေးစပ်သီဆိုခဲ့တဲ့ ကျုံပိုင်းသားအဆိုတော် ကျဝ်ကျဝ်အဲ ရန်ကုန်အသံလွင့်ရုံ
မှာပိုးကရင်လို ကရင်တိုင်းရင်းသားအစီအစဉ်မှာအဦးဆုံးသီဆိုခဲ့တဲ့သီချင်းလေ
အဲဒီတုန်းကကျနော်လဲမမွေးသေးဘူးလေသီချင်းကိုအမေကညီ၊ညီမလေးတွေကိုချော့
အိပ်ပြီ်းဆိုခဲ့တာတွေကိုနားစွန်နားဖျားနဲ့ကြားခဲ့ရမှတ်မိသလောက်ကိုဆိုပြပေးရတာ
နော်အဲဒီတော့မှကျနော့်သူငယ်ချင်းက”ကဒတ်မုန့်”ကိုစားရင်း ကျနော့်သီချင်းကိုနား
ထောင်ရင်းစိတ်ဆိုးပြေသွားကာခေါ်ပြောနှုတ်ဆက်တော့တာ။
သူဆိုးလဲခံရမှာဘဲလေ ကျနော့်ကိုအဘက်လုပ်သူ သူငယ်ချင်းလိုအ
သိအမှတ်ပြုပေါင်းသင်းကူညီတဲ့သူ အရေးနဲ့အကြောင်းဆိုလို့ရှိရင်
သူတစ်ယောက်ထဲဘဲရှိတာသူငယ်ချင်းသံယောဇဉ်က အခံရှိတော့မ
ပင်ပန်းသလိုဘဲခံစားရတယ်သူစိတ်ဆိုးလိုက်ကိုယ်စိတ်ဆိုးလိုက်
ပြန်တည့်လိုက်နဲ့သူငယ်ချင်းတို့ရဲ့ဘာသာဘာဝပဲလေ။
ဒါနဲ့ခုဏက ခိုးသားလေးငါးဖျံမြွေဘယ်မှာရောက်ပြီးလဲအဟီးးးး
လျှာကြောလွဲနေပြီးပြန်ကောက်စကြရအောင်
သြ….နောက်ဆုံးသူလှုပ်ရှားခဲ့တဲ့သဲလွန်စကိုရဘို့ ခြေရာခံစုံစမ်းကြည့်တော့ဖူ့တာမိက်ရွာမှာပူပူနွေးနွေးသောင်းကျန်း
သွားတာကိုသတင်းရတယ် ချက်ချင်းလိုက်သွားတယ် မမီလိုက်ဘူး
သူငယ်ချင်းတွေအိမ်မှာရောက်နေပြီးလားလို့စိုးရိမ်စိတ်နဲ့အိမ်ကို
ပြန်လာတယ် ကဒတ်မုန့်ကြိုက်တဲ့သူငယ်ချင်းတော့ မတွေ့သေး
ဘူး ညလဲတော်တော်နက်လာပြီးကွန်ပျူတာပေါ်ကနာရီကိုကြည့်
လိုက်တော့(12:34 Am)ကိုပြနေပြီးမျက်လုံးတွေလဲစပ်ဖြင်းဖြင်း
နဲ့ငိုက်မြည်းလာပြီးသူခိုးလက်သစ်ငါးဖျံမြွေရဲ့အရိပ်အရောင်လဲမ
တွေ့ရတော့။ တစ်အောင့်လေးအကြာမှာသူခိုး…သူခိုး..၀ိုင်းဟ…ဖမ်းဟနဲ့
ကျယ်ကျယ်လောင်လောင်ဆူဆူညံညံအသံကြားတော့ကမန်းကတန်းနဲ့
ထပြီးအိမ်ပေါ်မှာရောက်နေတဲ့ သူငယ်ချင်းWinnarကိုခေါ်ကာလိုက်ကြည့်
တော့သူခိုးငါးဖျံမြွေက မလေးရှားကကိုးဒီသွေးရွာမှာရောက်နေတယ်
ကျနော်နဲ့Winnarရောက်သွားတဲ့အချိန်မှာငါးဖျံမြွေကိုဝိုင်းတွယ်နေကြပြီး။
စာဖတ်သူတို့ရောနာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ငါးဖျံမြွေကိုမသိ
ချင်ကြဘူးလားကျနော်ကရော ငါးဖျံမြွေကိုမဖမ်းခဲ့ဘူးလားလို့
မေးချင်ကြမှာပေါ့နော။်
ဒါကတော့ဒီလိုရှိတယ်စာဖတ်သူတို့ရေ ရာဇ၀င်ထဲမှာရှိခဲ့တဲ့
သူခိုးကြီး ငတက်ပြားဆိုတာမယ်မယ်ရရသူခိုးမဟုတ်သလိုမျိုးပေါ့
အခုလက်သစ်သူခိုးငါးဖျံမြွေလဲမယ်မယ်ရရသူခိုးမဟုတ်ဘူးပေါ့
သူခိုးငတက်ပြားကိုစစ်သည်ရဲမက်တွေကဘယ်လိုဘဲဖမ်းဖမ်း ဖမ်းမမိတော့အိမ်ရှေ့မင်းသားကိုယ်တိုင်စီစဉ်ပြီးဖမ်းတော့
မိပါလေရောမဟုတ်လား ငတက်ပြားဟာဘယ်သူများလဲလို့
မျက်နှာဖွင့်ကြည့်တော့ မင်းကြီးရှေ့မှောက်မှာနေ့စဉ်ခစားနေတဲ့မင်း
မှုထမ်းဘဏ္ဍာစိုးကြီးဖြစ်နေပါသတဲ့ဘာဖြစ်လို့ဒီလိုလုပ်ရတာ
လဲလို့မေးတော့ငတ်မွတ်ခေါင်းပါးဆင်းရဲနေတဲ့စစ်သည်ရဲမက်
နဲ့ပြည်သူတွေအတွက်ရည်ရွယ်ပြီးစားမကုန်ဖြုန်းမကုန်တဲ့လူ
ချမ်းသာတွေဆီကခိုးယူကာဆင်းရဲသားပြည်သူကိုပြန်လည်
ပေးကမ်းစွန့်ကျဲခဲ့တာတဲ့ ဒါကြောင့်စစ်သည်ရဲမက်နဲ့ပြည်သူ
တွေက ၀ိုင်းပြီး အကာအကွယ်ပေးလေတော့ ဖမ်းမမိခဲ့တာ
ပေါ့ အိမ်ရှေ့မင်းသားလဲ ထိုအချင်းအရာကိုသိပြီးမဖမ်းဘဲ
ပြန်လွတ်လိုက်ရသတဲ့။
အကျွန်ုပ်လည်းပဲသူခိုးလက်သစ်ငါးဖျံမြွေကိုပြန်လွတ်လိုက်
ရတယ်။ ကျနော်လဲကိုးဒီသွေးကဗျာထဲကစာသားလိုဘဲ
လက်ဗလာနဲ့အိမ်ပြန်လာဘို့စဉ်းစားစဉ်မှာ သူငယ်ချင်းခေါ်သံကြား
တယ် လှည့်ကြည့်လိုက်တော့သိတယ်မဟုတ်လား
ကဒတ်မုန့်ကြိုက်တဲ့သူငယ်ချင်းလေ
ဆွေးနွေးစရာရှိလို့အိမ်မှာစောင့်နေမယ့်တဲ့
ကျနော်တို့အမ်မှာဆုံတော့သူဘဲစကားတစ်တွတ်တွတ်ပြောနေ
တယ် ကျနော်ဘာမှပြန်မပြောဖြစ်ကျနော်ရဲ့အတွေးအာရုံထဲမှာ
သူခိုးငါးဖျံမြွေကိုဖမ်းဘို့ကြိုးစားစဉ်တစ်လျှောက်မှာတွေ့ခဲ့ရတဲ့
သဲလွန်စတွေဟာသူခိုးငါးဖျံမြွေဟာတစ်ယောက်ထဲမဟုတ်သလို
ကျနော်သိခဲ့တဲ့သူငယ်ချင်းတစ်ချို့မှာလဲလူတစ်ယောက်ထဲနဲ့နှစ်
ကိုယ်ခွဲသုံးကိုယ်ခွဲတွေဖြစ်ပြီးမျက်နှာဖုံးရှင်တွေဖြစ်နေလို့ပါဘဲ။
သူငယ်ချင်းကစိတ်မရှည်တော့လို့ ထပြီး အိမ်ပြန်သွားတယ်။
ကျနော်အိမ်ပြတင်းပေါက်ကိုလှမ်းကြည့်တော့မိုးလင်းနေပြီး
အလုပ်သွားရတော့မယ် ကျနော်ပြင်ဆင်ဦးမှအိပ်ငိုက်ပြေM-150
နှစ်ပုလင်းကိုအိတ်ထဲကောက်ထည့်ပြီးသူငယ်ချင်းအိမ်ဘက်
ကွေ့လာလိုက်တယ် သူ့အိမ်ရောက်တော့ သူ့အဖေါ်တွေနဲ့အစားအ
သောက်အကြောင်းပြောနေကြတယ်။ “သူငယ်ချင်းရေ
မင်းကိုစကားပြန်မပြောဖြစ်တာ စိတ်မဆိုးနဲ့နော် အလုပ်သွားတော့မယ်လို့
နှုတ်ဆက်လိုက်တယ်”
“ဟုတ်ကဲ့ပါသူငယ်ချင်းရေ” “ပြန်လာရင်ရှောက်သီးဆေးပြားဝယ်လာခဲ့”လို့
ဆိုတဲ့အသံတစ်သံသာ ထွက်ပေါ်လာပြီး ကျနော်လဲအိပ်ငိုက်ငိုက်နဲ့
M-150 တစ်ပုလင်းကိုမော့သောက်ကာအလုပ်နောက်မကျဘို့
အရေး ကားကိုလီဘာအနည်းငယ်မြှင့်တင်လိုက်တော့တယ်။
Sep/13/2010 ရက်နေ့ ကိုးဒီသွေးblog၌သူခိုးလက်သစ်ငါးဖျံမြွေ ဖမ်းပွဲမှာ
ပါဝင်ခဲ့တဲ့မျက်နှာဖုန်းရှင်သူယ်ချင်းများသို့အမှတ်တစ်ရ