MyanmarSpace Glitter Text

MyanmarSpace.com

Saturday, July 24, 2010

သင့်အတွက်ချည်ဖြူ

မိုးကြီးလေကြမ်းကလူစယ်
သောင်ရင်း သံလွင်လှိုင်းမာန်ထည်
အုံ့မှိုင်းကာလျှပ်လဲ့သွန်းဖြိုး
ညှာတာမဲ့ လ၀ါခေါင်မိုး။
လမြတ်ဝါခေါင် ရေဖေါင်ဖေါင်
ဒို့ ရိုးရာပွဲ မျိုးဂုဏ်ဆောင်
ချည်ဖြူနှောင်ဖွဲ့ ယုံကြည်ချက်
ကြားစကားနားမယောင်နဲ့။
နတ်ပန်းညိုလိုရောက်လေရာ
ရှင်သန်ခြင်း ဂုဏ်ကိုဆောင်ကာ
ထမင်းဆုပ်ကို စံနမူ
မခွဲခြားနဲ့ သူ့လူကိုယ့်လူ။
မိမျိုး ဖနွယ်မခွဲခြား
ဒို့ တစ်အူတုံ ညီနောင်ဖွါး
သစ်ခေါင်းဝါးခေါင်း မျိုးကရင်
မှားတာမြင်ရင် အမှန်ပြင်လော့။
လွဲမှား ယုံလွယ် လိပ်ပြာငယ်
သင့်ကို ‘ ပလူးလါ ’ ဘိတ်ခေါ်မယ်
ပြန်လာပါတော့ ပြန်ခဲ့လော့
သင့်တွက်ချည်ဖြူပေးမယ်ရော့------

စအဲအဲ (နှင်းခဲမြေ) Jul 19/2010

No comments: