ကရင်အနုပညာလောကတွင်နာမည်ကြီးသီချင်းရေးဆရာလဲဖြစ်အဆိုတော်လဲဖြစ်တဲ့ဆရာ
ကျော်လိက်သိန့်(ကျဝ်လိက်သိင့်)ဟာ(ခံင်.အယ်ဟှေဝ်)ကောင်းမြတ်သောအမွေလို့အဓိပ္ပါယ်ရတဲ့ခေါင်းစဉ်နဲ့
သီချင်းတစ်ပုဒ်ကိုပိုးကရင်လိုနားမလည်နိုင်တဲ့မိတ်ဆွေသူငယ်ချင်းတွေ အတွက်အထူးသဖြင့်ကရင်ညီအကို
မောင်နှမတွေအားလုံးအတွက်ပေါ့ သီချင်းစာသားလေးတွေကိုအားလုံးအဆင်ပြေအောင်
ဘာသာပြန်ပေးထားပါတယ်။
သီချင်းအမည်-----------ခံင်.အယ်ဟှေဝ် (ကောင်းမြတ်သောအမွေ)
သီချင်းရေးသူ--------- ကျော်လိုက်သိန့် (ဆြာ့ကျဝ်လိက်သိင့်)
ဆို------နာန်.သိင်းလးဝင် နာန်.မူးဓံင့်အွါ အပါအ၀င်အဆိုတော်အဖွဲ့သားများ
(၁) အို --- ပိုးကရင်စကောကရင်အပေါင်းတို့ သင့်အမျိုးကိုချစ်ရင် တွေဝေငေးမောမနေကြပါနဲ့တော့
သီချင်းအမည်-----------ခံင်.အယ်ဟှေဝ် (ကောင်းမြတ်သောအမွေ)
သီချင်းရေးသူ--------- ကျော်လိုက်သိန့် (ဆြာ့ကျဝ်လိက်သိင့်)
ဆို------နာန်.သိင်းလးဝင် နာန်.မူးဓံင့်အွါ အပါအ၀င်အဆိုတော်အဖွဲ့သားများ
(၁) အို --- ပိုးကရင်စကောကရင်အပေါင်းတို့ သင့်အမျိုးကိုချစ်ရင် တွေဝေငေးမောမနေကြပါနဲ့တော့
ညီအကိုမောင်နှမတို့ရေ ---ငါတို့တစ်တွေခြေလှမ်းအသစ်တွေနဲ့အတူတစ်ကွလက်တွဲပြီးအမျိုးသားရေးခရီးလမ်း
ကိုလျှောက်လှမ်းကြရအောင် ( ၃)ကရင့်သမိုင်းတစ်လျှောက်ဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးဟာသင်ခန်းစာယူ
တတ်ကြပါစေ ဒါတွေဟာ အိပ်မက်မဟုတ်ပါဘူး။ (၄)အဖူးအငုံအသစ်။အတွေးသစ်။အမြင်သစ်တွေနဲ့အမျိးသား
ရေး နိုင်ငံရေးကိုအမြဲတမ်းဆန်းသစ်နေစေရပါ့မယ်။ (၅)သစ်ငုတ်ခြောက်တွေကိုအချိန်ကုန်ခံပြီးရေလောင်းပေး
မနေကြပါနဲ့ တော့ ဘယ်တော့မှလည်း အဖူးအညွှတ်တွေထွက်လာမှာမဟုတ်ပါဘူး (၆)ပြည်သူကပေးထားတဲ့
မင်းတို့လွယ်ထားတဲ့လက်နက်တွေဟာအရှုံးပေးဘို့အတွက်မဟုတ်ပါဘူး(၇)ငါတို့ပြည်သူတွေက ခေတ်တစ်ဆက်
ပြီးတစ်ဆက်မျှော်လင့်ချက်တွေအများကြီးနဲ့စောင့်မျှော်နေခဲ့ရတဲ့သူတွေပါ။(၈)ငါတို့ရဲ့အင်သစ် အားသစ်စိတ်ဓါတ်
အသစ်တွေနဲ့ပါ ဘယ်တော့မှလဲစိတ်ဓါတ်မကျခဲ့ပါဘူး(၉)ပန်းတိုင်မရောက်သေးဘဲဒူးထောက်အညံ့ခံမယ်ဆိုတာ
မဖြစ်နိုင်သလို။အင်အားမကုန်ခမ်းသေးဘဲနဲ့အရှုံးပေးမယ်ဆိုတာမဖြစ်နိုင်ပါဘူး။(၁၀)ကရင်အမျိုးသားအပေါင်း
တို့ရေ ဖါးစည်တီးခတ်ပြီးညီညာစွာစုစည်းကြပါလော့(၁၁)ကျွှဲချိုကိုမုတ်ပြီးစုစည်းညီညာစွာနဲ့ချီတက်ကြပါလော့
(၁၂)အလုပ်သ္မားတောင်သူလယ်သ္မား။ယဉ်ကျေးမှုအနုပညာသ္မား။ယက်ကန်းသ္မားနဲ့ကရင်ရဲဘော်တွေအားလုံး
အမျိုးသားကိုကာကွယ်ကြဘို့အတွက်လက်နက်ကိုပုခုံးထက်မှာထမ်းကြပါလော့။(၁၃)ငါတို့တိုင်းပြည်နဲ့လူမျိုး
ကိုကာကွယ်ဘို့ဆိုတာငါတို့ရဲ့ တာဝန်သာဖြစ်ပါတယ်။ (၁၄)ယင်ကောင်တွေလိုစည်းလုံးမှုမရှိပြန့်ကျဲပြီးနေကြ
ရင်အသိုက်အမြုံနဲ့အရည်လည်းရှိမှာမဟုတ်ပါဘူး။ (၁၅)ပျားကလေးတွေလိုစည်းလုံးညီညာစွာနဲ့စုစည်းကြပါ
အရည်ချိုချိုလေးနဲ့အိမ်လေးတွေကိုအာမာန်အပြည့်နဲ့တည်ဆောက်နိုင်သလိုမျိုးပေါ့။( ၁၆)ဒီလိုမှမဟုတ်ရင်
သင်ကျွှေးမွေးပြုစုပျိုးထောင်ခဲ့တဲ့ သင့်ရဲ့ မျိုးဆက်သစ်ရင်သွေးတွေအားလုံးရေမြှုပ်ကုန်လိမ့်မယ်။ (၁၇) အသင် ပေးခဲ့တဲ့ကောင်းမြတ်တဲ့အမွေအနှစ်တွေအားလုံးကိုလည်း သုံးဖြုန်းဖျက်ဆီးပစ်ကုန်လိမ့်မယ်။
(၁၈)ခေတ်အဆက်ဆက်က အသင်ကြိုးစားပေးထားခဲ့တဲ့အရာတွေအားလုံးမဆုံးရှုံးသွားအောင်သတိထားပါ
( ၁၈)ငါတို့ယုံကြည်ကိုးကွယ်မှုဘာသာတွေကွဲပြားနေကြပါစေ။ (၁၉)ငါတို့လူမျိုးတွေစိတ်ဝမ်း
မကွဲကြပါစေနဲ့(၂၀)ငါတို့ကရင်တစ်မျိုးသားလုံးနားလည်မှုယူကြပါ ဒီအချိန်မှာအရှုံးဆိုတာငါတို့အတွက်မဟုတ်
သေးပါဘူး။
ကဲသီချင်းအဓိပ္ပါယ်လေးကိုဖတ်ပြီးရင်တော့သီချင်းလေးကိုနားဆင်ဘို့အောက်မှာ
ဖွင့်ကြည့်လိုက်ပါဦး
မှတ်ချက်
မှတ်ချက်
ပိုးကရင်လိုနားလည်ရန်အားနည်းချက်ရှိသူတွေကိုသာရည်ရွယ်ပါသည်။စာသားများကို
ဘာသာပြန်ရာတွင်အားနည်းချက်ရှိပါကကျနော်ရဲ့ အားနည်းချက်တွေသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါသည်။
No comments:
Post a Comment