အဏ္ဏ၀ါမုန်တိုင်း လှိုင်းရိုင်းခက်ထန်
လမ်းမမြင်ကမ်းဝေး သည်ခရီးအရေးမှာ
ရွက်များကျိုးပျက် ခရီးဆက်ခက်လဲ
လှော်တက်တစ်မည် ကျန်ပါသေးသည်
တွေဝေ ငေးမောမနေသင့်။
ထိုလှော်တက်များ အပိုင်းပိုင်းကျိုးပြတ်
စိတ်ဓါတ်တွေကျ နောက်ဆုတ်ရန်ရပ်
ပျော့ညံ့စိတ်ဝင် အဏ္ဏ၀ါပြင်တွင်
အရှုံးပေးရန်မပြင်သင့်။
သင်၏လက်များ ရှိနေသေးသည်လက်ဖ၀ါးများကို လှော်တက်ပြုလျှက်
ပန်းတိုင်ခရီးဝေး မှုံရေးရေးမှာ
ဇွဲစိတ်ထက်သန်လုံ့လသာလျှင်
သင့်တွက်ပန်းတိုင်ရောက်လိမ့်မည်။
စအဲအဲ(နှင်းခဲမြေ)