စောဘဦးရဲ့  မူ(၄)ချက်
ဘဦးကြီးရဲမူလေးချက်ကိုအခြေခံပြီးရေးစပ်သီကုံးထားတဲ့
ကရင့်တော်လှန်ရေးသီချင်းတစ်ပုဒ်ကို
ကရင့်တော်လှန်ရေးသီချင်းတစ်ပုဒ်ကို
မျိုးဆက်သစ်ကရင်လူငယ်မောင်မယ်များက စကောကရင်ဘာသာနဲ့လေးနက်စွာသီဆိုနေကြ
ခြင်းဖြစ်ပါတယ်။
စကောကရင်ဘာသာ အားနည်းချက်ရှိနေသူများအတွက်စာသားများအားဘာသာပြန်ပြီးမျှဝေခံစားသိစေချင်တဲ့စေတနာနဲ့ ပေါ့ ---သီချင်းရဲ့ စာသားအဓိပ္ပါယ်ကတော့------
- ငါတို့ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်ငါတို့အမျိုးသားရန်သူကိုတက်ညီစွာနဲ့
အခက်အခဲမျိုးစုံနဲု့ကြုံဆုံရောက်ရှိနေလဲ ဂရုမမူဘဲနောက်မဆုတ်စ
တမ်းရှေ့ သို့ချီတက်ကြရပါမယ်
တမ်းရှေ့ သို့ချီတက်ကြရပါမယ်
စောဘဦးကြီးမိန့်မှာချန်ထားခဲ့တဲ့မူလေးချက်ဟာ
ငါတို့ရဲ့ သွားရမဲ့မူဝါဒလမ်းညွှန်ပြချက်ဖြစ်တယ်။
ငါတို့ရဲ့ သွားရမဲ့မူဝါဒလမ်းညွှန်ပြချက်ဖြစ်တယ်။
အဲဒါတွေကိုမြဲမြံစွာဆုပ်ကိုင်ပြီးရှေ့ သို့ချီတက်ကြပါလော့
(1)လက်နက်ချစကားအလျဉ်းမပြောရ။
(2)ကရင်ပြည်နယ်အသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်။
(3)ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်။
(4)ကရင့်နိုင်ငံရေးကံကြမ္မာ ကရင်ကိုယ်တိုင်ဖန်တီးရမည်။
ငါတို့ကိုဖိနှိုပ်ချုပ်ချယ်နေတဲ့ရန်သူရဲ့ ဖိနှိုပ်ချုပ်ချယ်မှု မူဝါဒလမ်းစဉ်အားလုံးကိုကြိုးစား
ထကြွှပုံကန်ဖြိုဖျက်တိုက်ခိုက်ပစ်ကြလော့
ငါတို့ကိုယ်တိုင် လည်စင်းမခံပေးသမျှကာလပတ်လုံးဘယ်သောအခါမှငါတို့မရှုံးတတ်ပါဘူး။
1949ခုနှစ်ကတည်းကနေ စတင်လာခဲ့တဲ့ငါတို့ရဲ့  တော်လှန်ရေးဝါဒကိုမြဲမြံစွာရပ်တည်စွဲကိုင်ပြီး
ကရင်အမျိုးသားလွတ်လပ်ရေးမရမခြင်းဆက်လျှက်ချီတက်တော်လှန်တိုက်ခိုက်ကြပါလော့။
သီချင်းvideoကိုအဲခေါင်းသောင့်blog မှကူးယူသည်။
တော်လှန်သောသူတိုင်းတော်လှန်ရေးသတိရှိနိုင်ကြပါစေ။