အမုန်းvalentine’s
လူတကာတွေပြုံးပျော်တဲ့ ချစ်သူများနေ့တဲ့
ဆုံးရှုံးမှူနဲ့ အလိုမကျမှုတွေကြောင့်
အကြိမ်ကြိမ် “တောက်"ခေါက်နေမိတဲ့ကျနော်
နှလုံးသားခံပြင်းချက်ထဲက စာစုတွေနဲ့
ကဗျာတစ်ပုဒ်ကို ရင်နာနာနဲ့ရေးဖွဲ့နေမိတယ်
ဖိနှိုပ်ကျွန်ပြုမှုကို တွန်းလှန်ခဲ့တဲ့သင်ဟာ
ငြိမ်းချမ်းခြင်းကိုမြတ်နိုးတဲ့သူလဲဖြစ်တယ်။
ကိုယ်ကျိုးစွန့်အနှစ်နာခံခဲ့တဲ့သင်ဟာ
ရေပေါ်ဆီအချောင်သမားတွေကို
အော့နှလုံးရွံရှာမုန်းတီးသူလဲဖြစ်တယ်
စေ့စပ်ဆွေးနွေးခြင်းကိုလိုလားတဲ့သင်ဟာ
လှည့်ဖြားနားချသူတို့အားခေါင်းမာခဲ့တဲ့သူလဲဖြစ်တယ်
တန်းတူရေးဝါဒကိုလက္ခံကျင့်သုံးတဲ့သင်ဟာ
မဟာဝါဒကိုဆန့်ကျင်သူလဲဖြစ်တယ်
နောက်လိုက်ကောင်းကိုလုပ်နိုင်တဲ့သင်ဟာ
ခေါင်းဆောင်ကောင်းတို့ရဲ့စံကိုပြသခဲ့သူလဲဖြစ်တယ်
ပိုးစူးကြူးလိုအလင်းမှိန်ခဲ့တဲ့သင်ဟာ
ကြယ်စင်တစ်ပွင့်လိုတောက်ပခဲ့တဲ့သူလဲဖြစ်တယ်
ချစ်သူတစ်ကမ္ဘာရဲ့အချစ်ကို ညို့ယူနိုင်ခဲ့တဲ့သင်ဟာ
မုန်းသူလူတစ်စုကြောင့်ကြွေကျခဲ့ရတယ်။
အသင်ကြွေကျချုပ်ငြိမ်းသွားပေမယ့်
သင်ရဲ့ဝိညာဉ်တွေဒို့အသွေးအသားမှာပူးကပ်စီးဝင်ဆဲ
အမျိုးသားလွတ်မြှောက်ရေးအတွက်
တိုက်ပွဲပေါင်းထောင်သောင်းမက ကိုဆင်နွဲဘို့
သင့်ရဲ့ရင်ဘတ်မှာစီးကျပေးဆပ်ခဲ့တဲ့
သင့်ရဲ့သွေးစက်နီနီလေးတွေနဲ့
တော်လှန်ရေးသမိုင်းကိုငါတို့ဆက်ရေးရဦးမယ်။
စအဲအဲ(နှင်းခဲမြေ) Aug 3/2010
No comments:
Post a Comment